နေတိုးအဖွဲ့က သမိုင်းတစ်လျှောက်အကြီးမားဆုံးလေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ နေတိုးအဖွဲ့ဟာ သမိုင်းတစ်လျှောက် အကြီးမား ဆုံး လေကြောင်းစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ဇွန်လ ၁၂ ရက်မှာ စတင်ခဲ့တဲ့ နေတိုးအဖွဲ့ရဲ့ အကြီးမားဆုံးလေကြောင်း စစ်ရေးလေ့ကျင့်ခန်းကို တပ်ဖွဲ့ဝင်ပေါင်း ၁ဝဝဝဝ ကျော် ပါဝင်မှာဖြစ်သလို တိုက်လေယာဉ်ပေါင်း ၂၅ဝ ကျော် ပါဝင်လေ့ကျင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး နေတိုးအဖွဲ့ဝင် နိုင်ငံများရဲ့လေကြောင်းပိုင်နက်များကို ဖြတ်သန်းလေ့ကျင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို ဇွန် ၁၂ ရက်ကနေ ၂၃ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်ခန်း မှာပါဝင်မယ့် တိုက်လေယာဉ်အစင်း ၂၅ဝ အနက် အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းက တိုက်လေယာဉ်အစင်းရေ ၁ဝဝ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

နေတိုးအဖွဲ့ဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံ တပ်ဖွဲ့ဝင်များ၊ တိုက်လေယာဉ်များ ပါဝင်မှာဖြစ်သလို ဆွီဒင်နဲ့ ဂျပန်နိုင်ငံတို့က တပ်ဖွဲ့တွေလည်း ပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းဟာ နေတိုးအဖွဲ့ဝင် နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် နေတိုးအဖွဲ့ရဲ့စည်းကမ်းများထဲမှာ ပါဝင်နေတဲ့အချက်ငါးကို အကောင်အထည်ဖော်ရာမှာ ပိုမိုကောင်းမွန် စေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ နေတိုးအဖွဲ့ရဲ့စည်းကမ်းနံပါတ် ၅ ဟာ အဖွဲ့ဝင်တစ်နိုင်ငံ တိုက်ခိုက်ခံရမယ်ဆိုရင် အခြားအဖွဲ့ဝင်နိုင်ငံအားလုံးက ပူးပေါင်းတိုက်ခိုက်ရေးဆိုတဲ့အချက်ဖြစ်ကြောင်း သိရပါတယ်။

နေတိုးအဖွဲ့ဟာ လက်ရှိအချိန်မှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ကြီးမားတဲ့ လေကြောင်းစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်တုန်းကလည်း ခရိုင်းမီးယားကျွန်းဆွယ်မှာ ရုရှားအဖွဲ့ရဲ့လုပ်ဆောင်ချက်များ ကို တုံ့ပြန်မှုအစိတ်အပိုင်းအဖြစ် ကြီးမားတဲ့လေကြောင်း စစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။

CRD; NP NEWS