ဇွန်လ ၁၃ ရက်နေ့မှုခင်းသတင်းများ

-ဇွန်လ ၁၂ ရက်နေ့ ၁၀၅၀ နာရီချိန်တွင် ပခုက္ကူမြို့နယ်၊ မန်ကျီးကိုးပင်ကျေးရွာတွင် နေထိုင်သော ဦးစိုးသိန်း(၅၅) နှစ်သည် တောင်ယာခင်းမှ ကျေးရွာသို့ တစ်ဦးတည်း ပြန်လာစဉ်ကျေးရွာထိပ်အရောက်၌ အကြမ်းဖက်သမား ၄ ဦးမှ လက်လုပ်သေနတ်များကိုင်ဆောင်ပြီး ဆိုင်ကယ် ၂ စီးဖြင့်ရောက်လာ၍ ဦးစိုးသိန်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၂ ရက်နေ့ ၁၆၃၀ နာရီချိန်တွင် ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်သမား ၃၀ ခန့်မှ လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သောကြောင့် ဗုံးသီးများမှာ လယ်ကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်ကွင်းအတွင်းနွားကျောင်းနေသည့် ဦးခင်မောင်ဌေး (၅၂) နှစ် သည် ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး၊ တပ်ကုန်းကျေးရွာမှ ဦးအောင်ကြည်ညွန့် (၅၄) နှစ်၊ ဦးဘိုချိန်ဝင်း (၄၃) နှစ်၊ ဦးစိန်မြင့် (၆၂) နှစ်၊ ဒေါ်ခင်လေး (၅၂) နှစ်၊ မမိုးခမ်း(၂၉) နှစ်၊ ဒေါ်ခင်စန်းလွင်(၃၈) နှစ် နှင့် ဒေါ်မယ်တိုး(၄၀) နှစ် တို့အား အကြမ်းဖက်သမားများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၂ ရက်နေ့ ၁၆၀၀ နာရီချိန်တွင် “ရွှေလွင်ပြင်” ခရီးသည်ယာဉ်လိုင်းမှ ခရီးသည်များ တင်ဆောင်၍ကလေးမြို့မှ ဟားခါးသို့ ထွက်ခွာလာစဉ် တာရ်ကျေးရွာနှင့် ၂ မိုင်ခန့်အကွာတွင် အကြမ်းဖက် CDF ခေါင်းဆောင် ငွန်ဆန်းအောင် နှင့် ၆ ဦးမှ ကားအား တားပြီးစစ်ဆေးခဲ့ရာ ဗမာ ၂ ဦးဖြစ်သည့် ဦးသိန်းဇော်ထွန်း(၆၀) နှစ်နှင့် ဦးသီဟထွန်း (၄၆) နှစ် ၂ ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၂ ရက်နေ့ ၀၅၀၀ နာရီချိန်တွင် ညောင်ဦးမြို့နယ်၊ ရွာသာကျေးရွာတွင်နေထိုင်သော ဒေါ်မို့မို့လွင်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၅ ဦးမှ လက်နက်များကိုင်ဆောင်၍ ဆိုင်ကယ်၃ စီးဖြင့်ရောက်ရှိလာပြီး ရွှေထည်ပစ္စည်း၊ ငွေသားနှင့် နေအိမ်ရှိ LAND CRUISER (အဖြူရောင်) တို့အား ယူဆောင်၍ ဒေါ်မို့မို့လွင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၂ ရက်နေ့ ၁၃၀၀ နာရီချိန်တွင် နတ်မောက်မြို့နယ်၊ ကွင်းကြီးကျေးရွာတွင် နေထိုင်သော ဦးမျိုးထက် (၄၂) နှစ်သည် မန္တလေးသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ရွာကောက်ကျေးရွာအရောက်၌ အကြမ်းဖက်သမား PDF များမှ စောင့်ဆိုင်းကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဦးမျိုးထက် ၏ ဆိုင်ကယ်အား ယူဆောင်သွားခဲ့ပြီး ဦးမျိုးထက်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၂ ရက်နေ့ ၁၆၃၀ နာရီချိန်တွင် နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာတွင် နေထိုင်သော ဦးဇင်ဝင်း (၃၈) နှစ်သည်ဖခင်ဖြစ်သူ ဦးမောင်ကြည် (၆၈) နှစ် နှင့် နေအိမ်၌ ၇ှိနေစဉ် အကြမ်းဖက်သမား ၄ ဦးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးဇင်ဝင်းမှာ ထွက်ပြေးခဲ့ပြီး ဦးမောင်ကြည်မှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဦးဇင်ဝင်း၏ နေအိမ်အား မီးရှို့ကာ နေအိမ်ရှိ ဆိုင်ကယ်နှင့် ဖုန်းအား ယူဆောင်သွဦးခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၂ ရက်နေ့ ၁၅၂၀ နာရီချိန်တွင် ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ မြောက်ပိုင်းရပ်ကွက်တွင်နေထိုင်သော ဦးဝင်းတင်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား PDF ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..