မလေးရှား အသက်အကြီးဆုံးအမျိုးသား ၁၁၃ နှစ်မှာ ကွယ်လွန်


မလေးရှားမှာ အသက်အကြီးဆုံးအမျိုးသားဖြစ်တဲ့ ဆယ်လ်လီမန်ဘန်ဒန်ဟာ ဆာရာဝပ်ဒေသ၊ ဆာရာတော့ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ ၁၁၃ နှစ်ရှိပါပြီ။

မစ္စတာ ဆယ်လ်လီမန်ရဲ့ မြေးဖြစ်သူ မိုက်ကယ်ဘန်ဒန်က မလေးဘာသာစကားနဲ့ တင်ဆက်တဲ့ Astro Awani ဝက်ဘ်ပေါ်တယ်ကနေ ကွယ်လွန်ကြောင်း အတည်ပြုခဲ့ပါတယ်။

လက်ရှိ မလေးရှားပြည်တွင်းမှာ အသက်အကြီးဆုံးလူအဖြစ် မလေးရှားစံချိန်မှတ်တမ်းစာအုပ်ထဲမှာ အသိအမှတ်ပြုခံရတဲ့ သူ့အဘိုးဟာ ဩဂုတ် ၁၉ ရက်၊ မနက် ၅ နာရီမှာ ကွယ်လွန်သွားခဲ့ကြောင်း မြေးဖြစ်သူ မိုက်ကယ်ဘန်ဒန်က ပြောကြားခဲ့ပါတယ်။