မိဘတွေအပေါ် အငြိုးထားသူက ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး အသတ်ခံရမှုမှာ ထိုင်းလူ့အဖွဲ့အစည်းကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီး လုံခြုံရေးအစီအမံများကို ဦးစားပေးလုပ်ဆောင်ရန် စာသင်ကျောင်းတွေကို တောင်းဆိုလာခဲ့ကြပါတယ်။

ကျူးလွန်တယ်လို့ သံသယရှိသူမှာ အသက် ၃၀ နှစ်အရွယ် ရှမ်းလူမျိုး Jai Kongkum ဖြစ်ကြောင်း၊ သူဟာ မောင်းခရိုင်ရှိ ကျောင်းတစ်ကျောင်းကနေ ကလေးတစ်ဦးကို ပြန်ပေးဆွဲကာ လည်ပင်းညှစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံသို့ သြဂုတ် ၁၇ ရက်မှာ ဝန်ခံခဲ့တယ်လို့ ချင်းမိုင်ရဲတပ်ဖွဲမှူး Tawatchai Pongwiwattanachai က ပြောကြားခဲ့ပါတယ်။