နိုဝင်ဘာလ ၁၉ ရက်နေ့ တိုက်ပွဲသတင်းပေါင်းချုပ်

၁။တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင် ကျေးရွာအနောက်ဘက် တပ်မတော်နှင့် PDF ၁၀ ဦးခန့်တို့ ညနေ ၄ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၁ လောင်း၊ Isuzu 4 Wheel ၁ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၂။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာရှိ ကထိလှရဲကင်းစခန်းသို့ AA သောင်းကျန်းသူ အင်အား ၁၀၀ ဦးခန့်က နံနက် ၆ နာရီတွင် ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်များ က ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်စဉ်အတွင်း AA အလောင်း ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၄ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၃။ ကယားပြည်နယ် လွိုင်ကော်မြို့၊ ပြည်နယ်အကူရဲတပ်ဖွဲ့ခွဲရုံးသို့ နေရာ ၂ နေရာမှ KNPP/KNDF နှင့် PDF ပူးပေါင်း ၆၀ ဦးခန့်က နံနက် ၇ နာရီကျော်၊ ညနေ ၄ နာရီနဲ့ ၆ နာရီကျော်တို့တွင် ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို လွိုင်ကော်အကျဉ်းထောင်သို့လည်း နံနက် ၈ နာရီခန့်က KNPP/KNDF နှင့် PDF ပူးပေါင်း ၂၀ ဦးခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၄။ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ခလရ(၅၄) ရင်းဌာနချုပ်သို့ နမ့်ကွတ်တောင်နေရာမှ KNPP/KNDF နှင့် PDF ပူးပေါင်း အင်အား(စိစစ်ဆဲ) အဖွဲ့က နံနက် ၁၀ နာရီခွဲခန့်က ရှော့တိုက်ဒုံးသီး ၁ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဗဟိုကင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရ။

၅။ ချင်းပြည်နယ် ပလက်ဝမြို့နယ် ထရွန်အိုင်စခန်းသို့ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်တွင် နေရာ ၃ နေရာမှ AA သောင်းကျန်းသူ ၂၀၀ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် AA သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း AA အလောင်းလက်နက်များ မရရှိသော်လည်း အခြားသတင်းအရ AA ၁၆ ဦးကျဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

၆။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲကင်းစခန်းသို့ နံနက် ၈ နာရီခွဲ ခန့်တွင် AA သောင်းကျန်းသူ ၅၀ ဦးခန့် လာရောက်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၇။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းစခန်းမှ ထုတ်နုတ်အဖွဲ့ လှည့်ကင်းဆောင်ရွက်စဉ် PDF ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၈။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အတွင်း နယ်မြေရှင်းလင်းစဉ် မြသိန်းတန်စေတီ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် နေရာ ၃ နေရာမှ KIA နှင့် PDF ပူးပေါင်း ၈၀ ဦးခန့် ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၉။ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားကျေးရွာ၏ အရှေ့မြောက်ဘက်၌ တပ်မတော်နှင့် KIA+PDF ပူးပေါင်း ၁၆၀ ဦးခန့်တို့ နေ့လည် ၃ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၁၀။ မန္တလေးတိုင်း မတ္တရာမြို့နယ် စခန်းသာကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ TNLA + PDF ပူးပေါင်း ၇၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူသည် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။