ပင်လည်ဘူး PDF အလောင်းနှင့် လက်နက်များသိမ်းဆည်းရမိ

17-9-2023 ရက်နေ့ ပင်လည်ဘူးမြို့ အရှေ့ဘက် မီတာ ၇၀၀၀ခန့်အကွာတွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် PDF ၂၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ကြောက်လန့်တကြားထွက်ပြေးသွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်သမားများထံမှ-

-အကြမ်းဖက်သမားအလောင်း- ၂လောင်း
-အမ်(၂၂)သေနတ်- ၁လက်
-လက်လုပ်တစ်တောင့်ထိုးသေနတ်- ၁လက်
-အမ်(၂၂)ကျည်အိမ်- ၁ခု
-ကျည်-၂၀တောင့်
-လက်ပစ်ဗုံး- ၁လုံး
-လမ်းလျှောက်စကားပြောစက်- ၁လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။