ချမ်းအေးသာဇံမြို့နယ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၈၃ လမ်း၊ ၃၄ အ ၃၅ လမ်းကြားရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနရုံး၌ ဦးစီးမှူး ၁ ဦးစီး ဝန်ထမ်း ၃၀ ဦး ရုံးလုပ်ငန်းများဆောင်ရွက်နေစဉ်-

အကြမ်းဖက်သူ ၁ ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် ရုံးခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်…