ရဲဝံ့စွာဖြင့်တိုက်ပွဲဝင်ခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ

လွိုင်ကော်ထောင်ရဲ့ရှေ့ကာကင်းလို့ပြောရမယ့် ရဲမှူးကြီးရွှေသန်းဦးစီးတိုက်ပွဲဝင်နေသည့် ရဲအကူဗဟိုကင်းအား ရန်သူကယားသောင်းကျန်းသူ အကြမ်းဖက်များက ၁၃ ရက်နေ့မှစတင်၍ အင်အားအလုံးအရင်းဖြင့် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မူ့အား ကြံ့ကြံ့ခိုင်ခုခံတွန်းလှန်လျက်ရှိရာ ၁၇ ရက်နေ့တွင် ရဲတကတစ်ဦးကျဆုံး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် အနီးကပ်ပိတ်ဆို့ဝန်းရံတိုက်ခိုက်လာသောရန်သူမှ လက်နက်ချခိုင်းသော်လည်း အညံ့မခံဘဲပြန်လည်တိုက်ခိုက်ခဲ့ပြီး ၁၉ ရက်နေ့ညတွင် ရန်သူမှသုံးကြိမ် ဝင်လုံးခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရပြီး ဖြစ်စဉ်တစ်လျောက် အမြောက် / လေကြောင်းပစ်ကူ/စစ်ကူများ ထိရောက်စွာပံပိုးပေးနိုင်ခဲ့ပါတယ်။ ခုနစ်ရက်တိုင်တိုင် ခုခံတိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးထပ်မံကျဆုံးခဲ့ပြီး ဒုရဲမှူးကြီးရွေသန်းနှင့်ဒဏ်ရာရရဲများအား ကောင်းမွန်စွာကယ်ထုတ်ပီးဆေးကုသပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တပ်အင်အားများဖြည့်တင်း၍ ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း သိရှိရပါတယ်။