မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

မေတ္တာသည်သာ (မေတ္တာ မရှိ၊အားမပြည့်)

လူမှာ စည်းစိမ် ဥစ္စာ၊ ရာထူးဂုဏ်သိန် စတဲ့ ရှိသင့်တာ တွေ ဘာတွေပဲရှိရှိ၊မေတ္တာ မပွားရင် လူချမ်းသာ မပြည့်ဝပါဘူး။
ဆန့်ကျင်ဘက် လုပ်ချင်ကြတယ်။
မုန်းတီးသူတွေ ရှိတတ်ကြပါတယ်။
သီလ၊သမာဓိ၊ပညာ သိက္ခာ သုံးပါး ဖြည့်ကျင့်တာတောင်မှ မေတ္တာမပွားရင် နှောင့်ယှက်သူတွေရှိတတ်ကြပါသေးတယ်။

သတိ (စိတ် ၏ သီတံ ၊စိတ်၏ သော့တံ)

စိတ်ကျကွဲတယ်ဆိုတာ…အကုသိုလ်ဖြစ်စေတာပဲ..။
အဲဒီအခါ သတိ ဝင်ထိန်းပေးရတယ်..။
သတိထားပါ လိုပြောတဲ့စကားကလည်း
စိတ်ကိုကျမကွဲသွားအောင်
သတိ နဲ့ကိုင်ထားပါလို့ပြောတဲ့သဘော..။

သတိဟာ သာသနာတော်ရဲ့
နံပါတ် (၁) အရေးကြီးဆုံးတရားပါ။ ၊
သတိဟာ လိုတယ် လို့သာရှိတယ်၊
ပိုတယ်လို့ ဘယ်တော့မှ မရှိဘူး။

ဘယ်လောက်ပညာတတ်နေပေမဲ့ ပညာရှိသတိဖြစ်ခဲ ဆိုတဲ့အတိုင်း သတိကင်းလွတ်နေတဲ့အခါ
စိတ်စွမ်းရည် ဟာတိုးတက်မလာဘူး။

သူတော်ကောင်းတို အကျင့်
(သူတော်ကောင်းတိုလမ်းစဉ် လေးချက်)

သည်းခံသနား၊ဝမ်းမြောက်ငြား၊ပွားများမေတ္တာခြုံ။
သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက် ၊
ပပျောက်ဘေးရန် ၊ကိုယ်မှာ လုံ။
သူတော်သူမြတ် ၊ ဤလေးရပ် မချွတ်ကျင့်ပါကုန်။

ဘာဝနာ နှင့် ဘဝနာ

ပစ္စုပ္ပန်တိုင်း သတိ နှင့်မိအောင်ဖမ်းပြီး
မသုံးနိုင်ရင် ဘဝနာသွားမှာပဲ။
အခွင့်တွေရှုးမယ်။ အရှုးကလေးချင်းထပ်သွားရင် အရှုးကြီးရှုးသွားမယ် ။
သတိလွတ်ရင် ဘဝနာတယ်။ ဘဝမှာ ရေးချ ပြုတ်သွားတယ်။
သတိကပ်ပေးတော့ ဘာဝနာပေါ်လာတယ်။ သတိလွတ်နေရင် အထိန်းမရှိတဲ့စိတ် နဲ့ အစီအစဉ် ကင်းမဲ့တဲ့ အာရုံတွေ တဒေါင်းဒေါင်း ဝင်ဆောင့် တိုက်ခိုက်မိလို့ကိုယ်ရော
စိတ်ရော နာနေတတ်ပါတယ်။

အဆိပ်ဖြေဆေး (အေးမြရွှင်ပြုံး၊ လူ့နှလုံး)

သတိဆိုတာ ကိုယ်တစ်ယောက်တည်း
တည့်အောင် နေနည်းကို ပြပါတယ် ။
မေတ္တာကတော့ အများနှင့်အဆင်ပြေအောင် တည့်အောင်
နေနည်းကို ပြဆိုပါတယ်..။
သတိရှိရင် ကိုယ့်ကိုကို နိုင်တယ်။
မေတ္တာရှိတော့ သူ့ကိုနိုင်တယ်။
သတိကတော့ ခန္ဓာ အဆိပ်တုံးကို အဆိပ်ဖြေဆေးပေးတယ်။
မေတ္တာကတော့ ပစ္စည်းအဆိပ်တုံးကို အဆိပ်ဖြေဆေး ပေးတယ်။

တိပိဋကယောဆရာတော်ဘုရားကြီး🙏🙏🙏