မင်္ဂလာရှိသော နံနက်ခင်းလေးပါ

နေရာ ရဖို့ထက်
စေတနာလှဖို့က အဓိကပါ ။

ကိုယ့်စေတနာသာမှန်ရင်
ကိုယ်နှင့်တန်တဲ့နေရာရှိနေမှာပါ ။

အကောင်းရဖို့ဆိုရင်
အကြောင်းလှဖို့လည်းလိုတယ်လေ ။

နည်းနည်းလေးလုပ်ပြီးမှ
များများတော့ လိုချင်လို့မရပါဘူး
ကိုယ်နှင့်တန်သလောက်ပဲရမှာပါ ။

အဖိုးတန်တဲ့ အရာတွေဆိုတာ
အကြံဖန်တွေနဲ့ လုံး၀မရနိုင်ပါဘူး ။

အမှန်ကန်တွေ လုပ်ထားမှ
ကိုယ်ရဖို့ သေချာနိုင်ပါတယ် ။

တစ်ချို့က မမှန်ကန်တဲ့နည်းနှင့်
နေရာတွေ ရနေတတ်ကြတယ် ။

လက်တွေဘ၀တော့
ခဏလေးဟန်ကျပေမယ့်လည်း

သံသရာဘ၀မှာတော့
နလန်မထနိုင်အောင်ခံစားရမှာပါ ။

သူများ မိုးခါးရေသောက်တိုင်း
ကိုယ်လိုက်မသောက်မိပါစေနဲ့
မိမိစိတ်ထားဖြူဖို့ပဲကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏