မြဝတီမှာ PDF အကြမ်းဖက် ၅ ဦး ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက် ညနေ ၃ နာရီခန့်တွင် နိုင်ငံတော်အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသော အကြမ်းဖက်အဖွဲဖြစ်သည့် KNDO/PDF အဖွဲမှ သောင်းကျန်းသူများရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လိုက်လံ စုံစမ်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အဖွဲ့ဖြစ်သော KNDO လက်အောက်ခံ R-9 အဖွဲ့နှင့် KNU လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ(၁)မှအဖွဲ့ဝင်များဖြစ်သော အောင်မြင့်မိုး(ခ)အောင်ကြီး၊ ၂၆ နှစ်၊ ရွှေဘုန်းပွင့်လမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့၊ ထွန်းဝင်း (ခ) ကုလားကြီး၊ ၂၈ နှစ်၊ ဇင်မင်းစိုး(ခ)စိန်ကြီး၊ ၄၃ နှစ်၊ ဝိဝေကာရာမဘုန်းကြီးကျောင်းလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့၊ မစုလှိုင်(ခ)စုစု(ခ)မမေချယ်ရီ၊ ၂၄ နှစ်၊ နတ်စင်လမ်း၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီမြို့နှင့် ထက်လှိုင်ဝင်း(ခ) လှိုင်ကြီး(ခ) လောပန်၊ ၂၀ နှစ်၊အေးသာယာ(၉)လမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့နေသူ (၅)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။