အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ဘူတာရုံအနီးတွင် PDF ၂ ယောက် ဖမ်းမိ

အင်းတော်မြို့ရှိ မြိုပေါ်ရပ်ကွက်များတွင် အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် အောင်မေတ္တာရပ်ကွက်ရှိ မီးရထားဘူတာရုံအနီး အရောက်၌ မသင်္ကာဖွယ်တွေ့ရှိသူ ၂ ဦးအား စစ်ဆေးခဲ့ရာ တင်မြင့်နှင့် အောင်ဇော်ဦး(ခ)ဇော်ဦး တို့မှာ အကြမ်းဖက်PDFအဖွဲ့ဝင်များဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပေဒနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။