ငွေဆောင်မဟုတ်တဲ့ ငွေတောင်ကမ်းခြေကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများစိတ်ဝင်စားနေ

ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ဒီဇင်ဘာလ အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၃၄၂၅၅ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရပါတယ်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း အဆိုပါ ငွေတောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၃ဝ၅၅၄ ဦးလာရောက်လည်ပတ်ခဲ့ပြီး ဒီဇင်ဘာ (၁) ရက်မှ (၃၁ )ရက်ထိ ပြည်တွင်း၊ ပြည်ပခရီးသွား ၃၄၂၅၅ ဦး လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။