ပိန္နဲကုန်းဂျာမေဗလီမှ ကျိုက်ထီးရိုးဘုရားဖူးများအား တိုက်ခိုက်မှုအပေါ် သဘောထားထုတ်ပြန်ချက်

“၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့  ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုး ကင်ပွန်းချောင်းတောင်တက်ယာဉ်စခန်းအား KNLAတပ်မဟာ (၁)နှင့် NUG/CRPH လက်ဝေခံ PDF  အမည်ခံ အကြမ်းဖက်သမားများက ၆၀မမ၊ ၄၀ မမ များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဘုရားဖူးရဟန်းရှင်လူများနှင့် ကလေးငယ်များအပါအဝင် ပြည်သူပေါင်း ၁၉ ဦးဒဏ်ရာ ရရှိကာ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကြောင်း စိတ်မချမ်းမြေ့စွာ ကြားသိရပါတယ်။

အပြစ်မဲ့ ဘုရားဖူးပြည်သူများအား ဤသို့ပစ်မှတ်ထား တိုက်ခိုက်သည့် ရွံရှာဖွယ်လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်အား မိမိတို့ ပိန္နဲကုန်းဂျာမေဗလီမှ လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာရှုတ်ချသည်”ဟု သဘောထားထုတ်ပြန်ထားပါတယ်။