ပေါက်ခေါင်းမြို့၌  အခြေခံစားသောက်ကုန်ပစ္စည်းများ ‌ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ပဲခူတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်စီစဥ်ပေးမှုအရ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၏ကြီးကြပ်မှုဖြင့် ပေါက်ခေါင်းမြို့စည်ပင်သာယာမြို့မဈေးကြီးအတွင်း၌ ရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာများအတွင်း ဒေသထွက်ဟင်းသီးဟင်းရွက်မျိုးစုံအပါအဝင် ဆန်တစ်ပြည် ၂၇၀၀ကျပ်၊ ဘဲဥ တစ်လုံး၃၀၀ကျပ်၊ ကြက်ဥတစ်လုံး၂၃၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၅၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၁၂၀၀၀ကျပ်၊ နှင့် ကြက်သား တစ်ပိဿာ ၁၀၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိတယ်လို့သိရပါတယ်။