မြန်မာသင်္ဘောသား ၂ ဦးကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ ကယ်တင်

ကိုရီးယားနိုင်ငံ၊ အရှေ့တောင်ဘက်က ဂယောင်ဆန်ဘွတ်ဒို ဖိုဟန်းရှီး နမ်ဂု ဟိုမီဂုတ် မြောက်ဘက် ပင်လယ်ထဲမှာ ဇွန်လ ၂၅ ရက် ညနေ ၃ နာရီကျော်အချိန်ခန့်က အလုပ်လုပ်ကိုင်နေရင်း သင်္ဘောပေါ်ကနေ ပင်လယ်ထဲပြုတ်ကျသွားတဲ့ မြန်မာသင်္ဘောသား ၂ ဦးကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ပင်လယ်ထဲပြုတ်ကျသွားတဲ့ မြန်မာလုပ်သား ၂ ဦးကို ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်ပြီးတဲ့နောက်မှာ ဆေးရုံကိုပို့ဆောင်ပေးခဲ့တာကြောင့် လက်ရှိမှာ ၂ ဦးစလုံး ကျန်းမာရေးကောင်းမွန်နေပြီး ပင်လယ်ထဲပြုတ်ကျသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။