နတ်ဆိုးအမည်ခံ အကြမ်းဖက် PDF များဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ လမ်း(၃၀)၊ ၇၇x ၇၈ ကြားရှိ “မဟာ” ဆေးခန်း၌ နတ်ဆိုး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ငြိမ်းချမ်းအောင်(ခ) အားသစ်နှင့် တရားမဝင် ပေါင်းသင်းနေထိုင်သူ ပပဝင်းတို့အား ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိတရားခံ ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် KNLA တပ်မဟာ(၂)လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း ၃ လခန့် တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်း ဆင်းပြီးနောက်ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် နတ်ဆိုး PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား ငြိမ်းချမ်းအောင် ခေါင်းဆောင်၍ ပပဝင်း၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် အယ်နှောင်း၊ ရတီ၊ ကျုံးကြီး၊ ကိုကြီး၊ ဒီပ၊ ကျွဲကြီး၊ ကိုမျိုး အပါအဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
    ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှု ၄ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း- ၎င်း သတ်ဖြတ်မှု ၄ ခုတွင် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအနီး၌ မြို့နယ်လျှပ်စစ်ရုံး မန်နေဂျာ ဦးကျော်ရဲအောင်အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကန်သာကျေးရွာ ရာအိမ်မှူး ဦးသန်းဆွေအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်လျှပ်စစ် ရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲခြင်း၊ ပုသိမ်ကြီး မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး ရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး  အဖွဲ့ဝင် ၇ ဦးဖြင့် သံဃာအယောင်ဆောင်၍ လိုက်ထရပ် မော်တော်ယာဉ်ဖြင့် ပုသိမ်ကြီး မြို့နယ်၊ မြကန်သာဈေးအနီး၌ ဈေးဝယ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း တို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။