ဇူလိုင်လ ၂၂ ရက်နေ့မှုခင်းသတင်းများ

-ဇူလိုင်လ ၂၀ ရက်နေ့ ၂၀၀၅ နာရီချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း(၃၈) ရပ်ကွက်တွင် နေထိုင်သော ဦးကျော်ဆန်းဝင်း (၄၅) နှစ်သည် နေအိမ်သို့ ဘေးတွဲဖြင့် ပြန်လာစဉ် နေအိမ်အနီးသို့အရောက် အကြမ်းဖက်သမား ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးကျော်ဆန်းဝင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂၁ ရက်နေ့တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) (၁၂၅) ရပ်ကွက်တွင် နေထိုင်သော ဦးကျော်လွင် (၄၀) နှစ်သည် ရောင်ခြည်သစ် လက်ဘက်ရည်ဆိုင်မှ ပြန်လာစဉ် အကြမ်းဖက် ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးကျော်လွင် မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂၀ ရက်နေ့ ၁၇၃၀ နာရီတွင် ငါန်းဇွန်းမြို့နယ်၊ ရေလည်သောင် (အနောက်) ကျေးရွာသို့ pdf အကြမ်းဖက်သမား ၁၁ ဦခန့်ရောက်ရှိလာပြီး ကျေးရွာအတွင်းနေထိုင်သော ဦးကျော်ဟန်(၅၀) နှစ်နှင့် ၊ ဦးရဲမင်းကျော်(၄၉) နှစ်တို့အား ဖမ်းဆီးခော်ဆောင်၍ ရေလည်သောင် အနောက်ကျေးရွာ၏ အနောက်ဘက် မြစ်ကမ်းဘေး အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးကျော်ဟန် နှင့် ဦးရဲမင်းကျော်တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။