မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ဘောင်မကျော်စေနဲ့

လူတစ်ယောက်
ဒုက္ခရောက်နေပြီဆိုရင်
ထိုပုဂ္ဂိုလ်ကိုကြည့်ပြီး
အကြင်နာတရားတွေပွားလို့
ဒုက္ခတရားကို ဘယ်နည်းနဲ့
ကူညီဖြေရှင်းပေးရမလဲလို့
နှလုံးသားရဲ့လှုံ့ဆော်မှုဖြစ်တယ်…။

အဲဒီလို
လှုံ့ဆော်မှုပေးတဲ့သဘာဝတရားကို
ကရုဏာလို့ခေါ်တယ်၊
ကရုဏာ ဆိုတာဟာ တစ်ဖက်သား
ကိုကြည့်ပြီး
စိတ်ရဲ့ကြင်နာမှုကို ခေါ်တယ်…။

သောကဆိုတာဟာ အဲဒီလိုမဟုတ်ဘူး..
ဖြစ်ရလေခြင်းဆိုပြီး ဝမ်းနည်းတဲ့
သဘောဖြစ်တယ်..
သောက ဆိုတာက
ဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှု ခံစားချက်
တစ်ခုဖြစ်တယ်…။

ကရုဏာ နဲ့ သောကဟာအလွန်နီးစပ်
တယ်..
သောက က..
ကရုဏာယောင်ဆောင်ပြီးတော့ ဝင်
လာတတ်တယ်…။

ကရုဏာဆိုတဲ့ဘောင်ကိုကျော်ပြီး
သောကဖြစ်သွားရင်
ကုသိုလ်လိုလို နဲ့ အကုသိုလ် ဖြစ်
သွားရော..
ဒါ သတိထားရမယ့်အချက်ပဲ…။

ဒါကြောင့်
သောကသည်ကရုဏာ၏အနီးကပ်
ရန်သူလို့ စာပေကျမ်းဂန်တွေမှာဆိုတယ်…။

ကရုဏာ စစ်စစ်ဆိုတာက
အင်မတန်မှ….မွန်မြတ်သန့်စင်တဲ့တရား
အဲဒီကရုဏာတရားကို မိမိသန္တာန်
မှာ ဖြစ်ပွားစေချင်ရင်
အခက်အခဲတွေမှ လွတ်မြောက်
ကြပါစေ
ဒီလိုအကျပ်အတည်းကြီးမှလွတ်
မြောက်ကြပါစေ
ဒုက္ခတွေမှ လွတ်မြောက်ကြပါစေ
ဆိုတဲ့
ဒီလိုစိတ်ဓာတ်မျိုးတွေကို များများ
ဖြစ်ပွားစေရမယ်… ။