တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၂၈၀၀၀၀ ကျော်တန်ဖိုးရှိ စကျင်ဆင်းတုတွေ တစ်ရက်အတွင်း တင်ပို့ခဲ့

အောက်တိုဘာလဝက်ကာလမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်နိုင်ငံသို့ စကျင်းဆင်းတု အများဆုံးတင်ပို့ခဲ့တယ်လို့ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မှုအခြေအနေ ထုတ်ပြန်ချက်အရ သိရပါတယ်။

မူဆယ်ကနေ တရုတ်နိုင်ငံသို့ အောက်တိုဘာ ၁၇ ရက်က ကန်ဒေါ်လာ ၂၈၆၀၀၀ ကျော်တန်ဖိုးရှိတဲ့ စကျင်ဆင်းတုတွေ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ကိုတင်ပို့တဲ့ စကျင်ဆင်းတုတွေက ၁ တန်လျှင် ကန်ဒေါ်လာ ၁၂၅၀ ဝန်းကျင်ဈေးရှိပြီး အောက်တိုဘာ ၁၇ ရက်က ပို့ကုန်ပစ္စည်းတွေအနက် အများဆုံးတင်ပို့ခဲ့တာလို့ သိရပါတယ်။

အခြားပို့ကုန်တွေဖြစ်တဲ့ ရေခဲကဏန်း၊ ကဏန်း၊ ငါးရှဉ့်၊ ဝါဂွမ်း၊ လက်ဖက်ခြောက်၊ ၊ ဆံပင်၊ သီဟိုဠ်စေ့၊ ချဉ်ပေါင်ဖာလာနှင့် ဇင့်သတ္ထုတို့ကို အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံများအကြား ထုတ်ပေးတဲ့ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E နဲ့ တင်ပို့နေတာဖြစ်ပါတယ်။

crd;