အောက်တိုဘာ ၂၄ ရက်နေ့မှုခင်းသတင်းများ

-အောက်တိုဘာလ ၂၂ ရက် ၁၇၀၀ နာရီတွင် ဖောင်းပြင်မြို့နယ်၊ ကျွန်းရွာကျေးရွာနေ ဦးချစ်ဦး(ကိုယ်ရေး စိစစ်ဆဲ)အား လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက် ၀၄၀၀ နာရီတွင် သက္ကယ်ကျင်းကျေးရွာနေ ဦးအောင်မောင်း(ကိုယ်ရေးစိစစ်ဆဲ)၊ ဦးဘဆန်း(ကိုယ်ရေးစိစစ်ဆဲ) ဦးချစ်မြင့်(ကိုယ်ရေးစိစစ်ဆဲ)၊ ဦးထိန်ဝင်း (ကိုယ်ရေးစိစစ်ဆဲ)နှင့် ဦးအဲပြုံး(ကိုယ်ရေးစိစစ်ဆဲ)တို့ ၅ ဦးအား လည်းကောင်း သရောင်း PDF အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် နိုးတူး ပါ အင်အား ၃၀ ဦးခန့်မှ ထောမကျေးရွာစာသင်ကျောင်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-အောက်တိုဘာ ၂၃ ရက် ၀၇၀၀ နာရီတွင် ဘိုကလေးမြို့၊ ဘိုကလေး(၂)ရပ်ကွက်နေ ဝဏ္ဏကျော်(၄၃)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ ထက်ထက်အောင်(၃၀)နှစ် လိုက်ပါလာသည့် Light Truck(အဖြူရောင်) ယာဉ်အမှတ်၊ AYY/15 2M-1397 သည် ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ရန်ကုန် – မော်လမြိုင်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်၊ ၁၃၂/၅ နှင့် ၁၃၂/၆ ကြား အရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ဝဏ္ဏကျော်တွင် ဝဲမေးရိုး၊ လည်ပင်း မိုင်းစဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)၊ ထက်ထက်အောင်တွင် ဦးခေါင်းထိပ်ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၃ ရက် ၁၃၅၀ နာရီတွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ အောင်တံခွန်ငါးဈေး သွပ်အမိုးပေါ်သို့ လက်လုပ် Drop ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲသဖြင့် ၎င်းငါးဈေးတွင် ပန်းရံလုပ်ကိုင်နေသော အောင်ကောင်းမြတ်(၁၄)နှစ်၊ ဝဲကျွန်းရပ်ကွက်နေသူတွင် လည်ပင်း၊ ယာနံစောင်း မိုင်းစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၃ ရက် ၁၀၅၅ နာရီတွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေဘိုမြို့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးရုံးခန်းရှေ့ ကွန်ကရစ်လမ်းမ၌ မပပသည် (စိစစ်ဆဲ) ကျား ၁ ဦးနှင့်အတူ ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး ပပမှာ ဆေးရုံဝင်းအတွင်း ကျန်ခဲ့ကာ(စိစစ်ဆဲ)  ကျား ၁ ဦးမှ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း၊ ၎င်းနောက် ပပသည် လက်လုပ်မိုင်း ထည့်ထားသော ဂျင်းလွယ်အိတ်အပြာ(စုတ်ပြဲ) ၁ လုံးအား ဆေးရုံအုပ်ကြီး ရုံးခန်းအတွင်း ဝင်ထားရန် သယ်ဆောင်လာစဉ် ရုံးခန်းရှေ့အရောက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ကောက်ဝတ်ပြတ်ထွက်ဒဏ်ရာ၊ ဝဲယာ လက်သုံးချောင်းပြတ်ထွက်ဒဏ်ရာ၊ ဝဲယာပေါင်ရင်း/မျက်နှာ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၃ ရက် ၁၅၀၅ နာရီတွင် စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်နေ ဦးထွန်းနိုင်ဝင်း(၅၀)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ဥမ္မာထွေး (၅၀)နှစ်တို့သည် စစ်ကိုင်းမြို့တွင်းမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့လမ်းဘေး၌ ပလတ်စတစ်ပန်းခြင်း   ၁ ခြင်းအား တွေ့ရှိခဲ့သဖြင့် ဖယ်ရှားစဉ် အတိုပါ ပန်းခြင်းအတွင်းမှ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့သဖြင့် ဦးထွန်းနိုင်ဝင်းတွင် ယာပါး၊ ယာခြေထောက် ပွန်းပဲ့၊ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်ဥမ္မာထွေးတွင် မျက်နှာ ပေါက်ပြဲ၊ ယာလက်ချောင်းများကြေမွ၊ ယာပေါင်မှ ပြတ်ထွက်၊ ဝဲခြေသလုံးကြေမွဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။