ငြိမ်းချမ်းရေးကို လိုလားသူဆိုတာ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖော၏ပြောကြားခဲ့သည့် အချက်များအနေဖြင့် NCA စာချုပ်သည် ၂ နှစ်ခန့် အချိန်ယူ တည်ဆောက်ခဲ့ရသည့် စာချုပ်ဖြစ်ပြီး သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ NCA စာချုပ်ဖြစ်ပေါ်ရခြင်းသည် နှစ်ဖက်အဖွဲအစည်းများ၏ အလျော့အတင်းပေးခဲ့မှု၊ မဆုတ်မနစ် ကြိုးစားခဲ့မှု များအပေါ် အရင်းတည်ပြီးစိန်ခေါ်မှုများစွာကို ကျော်ဖြတ်ခဲ့ရတာတွေလည်း အများအပြားရှိကြောင်းနှင့် မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့် တိုင်းပြည်ဖြစ်သလို လူမျိုးချင်း မတူသော်လည်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်‌နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း ကိုအကြံပြုပြောကြားသွားခဲ့ပါတယ်။ လူငယ်များအပေါ်ငြိမ်းချမ်းရေး အနှစ်သာရ ချန်ရစ်ပေးရန် နှင့် ပွင့်လင်းမြင်သာမှုရှိသော ငြိမ်းချမ်းရေးများကိုညှိနှိုင်းဆွေးနွေးပွဲများဖြင့်မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း သက်ဆိုင်သူများကို တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။