ရေးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအတုရေး

အောက်တိုဘာလ ၁၃ ရက်နေ့ ရေးမြို့နယ် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အတွင်း၌ အင်အား ၁၀၀ ခန့်ရှိ စစ်သားများ စုဝေးနေကြောင်းသတင်းအရ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိသည်ကို မျက်မြင်သတင်းအရ ကနဦးသိရှိရကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်တပ်မှ လက်နက်ကြီး ၂ လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၃ ရက်နေ့၌ ရေးမြို့နယ်ရှိ စကခ ၁၉ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ KNU/ PDF များရဲ့ တိုက်ခိုက်ခြင်းမခံခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ KNU/ PDF တွေ အများပြည်သူများ နေထိုင်တဲ့ မြို့၊ ရွာများအတွင်း လူစိတ်မရှိ ပစ်ခတ်နေခြင်းကို အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာပါဆိုပြီး ဗြောင်လိမ်ဗြောင်စား လုပ်ကာ ရေးသားထားခြင်းသာဖြစ်ပါသည်။