တပ်မတော်ရဲ့အားအင်များ

၄-၁၁-၂၀၂၂ ရက်နေ့မှာ
ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး
(အမျိုးသမီး)သင်တန်း အမှတ်စဉ်(၈)သင်တန်းကိုအောင်မြင်စွာမွေးထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ
အမျိုးသမီးများရဲ့အခန်းကဏ္ဍကျယ်ပြန့် လာတာနဲ့
အမျှ ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များမှာလည်း
အမျိုးသမီးတပ်ဖွဲဝင်များရဲ့ အခန်းကဏ္ဍဟာ များစွာ
တိုးတက် လာခဲ့ပြီး အဆင့်မြင့်တာဝန်များကို ထမ်းဆောင်လျက်ရှိတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့လည်း
ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာမှာ
အမျိုးသမီးစစ်မှုထမ်းတွေကို ပါဝင်ဆောင်ရွက်နိုင်
စေဖိုအတွက် စိစစ်ရွေးချယ်ခေါ်ယူမွေးထုတ်ပေး
လိုက်ခြင်းဖြစ်ပါကြောင်းဂုဏ်ယူစွာဖြင့် ဖော်ပြအပ်
ပါတယ်။