(၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၂)သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာဆိုရင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးလွင်ဦးနှင့် တာဝန်ရှိသူများနဲ့အတူ နိုဝင်ဘာ ၂၁ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Sochi မြို့တွင်ကျင်းပပြုလုပ်တဲ့
(၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022 ) ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ Nuclear ဆိုင်ရာကျွမ်းကျင် ပညာရှင်များ၊ အစိုးရအဖွဲ့များ၊
အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့် စီးပွားရေး လုပ်ငန်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ Rosatom ၏ အကြီးအကဲ ဖြစ်သူ ဥက္ကဌ အလက်ဆီလီကာချော့ နှင့် သီးခြားတွေ့ဆုံပြီး
အသေးစားရေ အားလျှပ်စစ်၊ လေအား၊ Nuclear Power Plant (SMR) နှင့် လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ
ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကာ Non Disclosure Agreement အား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီ Forum မှာ ဘီလာရုစ်၊ ဇင်ဘာဘွေ၊ ဘူရန်ဒီ၊ မြန်မာ၊ ဉဇဘက်ကစ္စတန် စတဲ့နိုင်ငံများနှင့် လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်ရှင်။