ဂျာဗားကျွန်း ငလျင်ကြောင့် သေဆုံးသူ ၂၆  ဦးအထိမြင့်တက်

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ လှုပ်ခတ်သော ငလျင်ကြောင့် သေဆုံးသူ ၂၆၈ ဦးမြင့်တက်လာကြောင်း သိရပြီး ပျောက်ဆုံးသူအရေအတွက် ၁၅၁ ဦးရှိပြီး ဒဏ်ရာရသူ ၁၀၈၃ ဦးရှိကြောင်း လူဦးရေ ၅၈၃၆၂ ဦးမှာ နေအိမ်စွန့်ခွာရပြီး စွန့်ခွာရသူအရေအတွက်မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။ပြင်းအား ၅ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်သည်   စီရန်ဂျန်း-ဟီလီယာ အနောက်တောင်ပိုင်း ၁၈ ကီလိုမီတာအကွာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်သည်။ ပြိုကျသွားတဲ့ဆောက်အအုံများမှာ စာသင်ကျောင်းတစ်ကျောင်းလည်း ပါဝင်သောကြောင့် သေဆုံးသူ ၂၆၈ ဦးတွင် ကလေးငယ်မည်မျှပါဝင်သည်ကို အတိအကျ မပြောနိုင်သေးကြောင်း တာဝန်ရှိသူများကပြောသည်။အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကာ ဝမ်းနည်းစကား ပြောကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။