လောက်ကိုင်မြို့တွင် MNDAA အကြမ်းဖက်သမား သုံးဦးအား လက်နက်များနှင့် အသေဖမ်းမိ

နိုဝင်ဘာလ ၂၁ ရက်နေ့က လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက်အတွင်း မသင်္ကာဖွယ်ကားတစ်စီး လှည့်ပတ်မောင်းနှင်နေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့က လမ်း၌ တားဆီးစစ်ဆေးရာ ကားအတွင်းမှလက်ပစ်ဗုံး၊ သေနတ်များနှင့် စတင်ပစ်ခတ်ခဲ့ပါတယ်။

ထိုကြောင့် လုံခြုံရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားအတွင်းမှ MNDAA အကြမ်းဖက် (၃) လောင်း၊ Type-81 သေနတ် (၁) လက်၊ M-4 သေနတ် (၁) လက်၊ ကျည်ကပ် (၃) ခုနှင့် ကျည်ဆန် (၁၁) တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။