သပိတ်ကျင်းမြို့နယ်၌ PDF အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ကြာညှပ်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာ၊မန္တလေး-ဗန်းမော်ကားလမ်းအရှေ့ဘက်၊၁ဖာလုံခန့်အကွာ ယာယီတဲကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် သက်တော် (၆၀)၊ ဝါတော် (၁၀)ဝါရှိ အရပ်အခေါ် ဦးဇင်းမြင့်ဦး ကို အကြမ်းဖက် NUG လက်ပါးစေအုပ်စုက ယမန်နေ့ (ဇွန် ၁၄ ရက်) မနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးဇင်းမြင့်ဦးမှာ သီတင်းသုံးနေထိုင်ရာ ယာယီတဲကျောင်း၏ တောင်ဘက်၊ ယာခင်းအတွင်း သေနတ်ဒဏ်ရာများဖြင့် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရပါတယ်။