ပြည်သူ့အငှားအိမ်ရာဖွင့်လှစ်

ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ ဖွင့်ပွဲဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖွင့်လှစ်သည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်တည်ရှိပြီး ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် အိမ်ခန်း (၁) ခန်းလျှင် ဧည့်ခန်း ၊ အိပ်ခန်း (၂) ခန်း ၊ ချက်ပြုတ်ခန်းနှင့် ရေချိုးခန်း၊ သန့်စင်ခန်းတို့ပါဝင်သည့် (၄)ခန်းတွဲ (၅) ထပ် အဆောက်အဦ (၉၁) လုံးဖြစ်ပြီး အိမ်ခန်းပေါင်း (၁၄၅၆) ခန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး၍ ဝင်ငွေနည်းပြည်သူများကို နေရာချထားပေးခြင်းဖြစ်ပါတယ်။