လားရှိုးမြို့ရှိ နေအိမ်တစ်ခုတွင် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် လားရှိးမြို့၊ ရတနာလမ်းရှိနေအိမ်တစ်အိမ်တွင် လက်နက်/ ခဲယမ်းများ သိုဝှက်သိမ်းဆည်း၍ တရားမဝင် လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ တရားခံ ၃ ဦးနှင့်အတူ လက်နက်/ ခဲယမ်း၊ ဆက်စပ်ပစ္စည်း၊ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။