KIA ရဲ့ကစားကွက်ထဲက AA

နိုဝင်ဘာ ၁၈ ရက်က မိုးမိတ်မြို့နယ်၊ မိုးလိုနယ်မြေမှာရှိတဲ့ AA စခန်းကုန်း (၄)ကုန်း အသိမ်းခံရပြီး
သိမ်းဆည်းရမိတဲ့ လက်နက်/ခဲယမ်းတွေကတော့ –
(၁) Type – 81 သေနတ် (၇၈)လက်။
(၂) ကျည်အိမ် (၂၉၉)ခု။
(၃) ကျည်ဆန် (၉၃၀၀၀)တောင့်။
(၄) ရှော့တိုက်မိုင်း (၂၀)လုံး။
(၅) လျှပ်စစ်ဒီတိုနေတာ (၂၃)ခု။
(၆) Remote Card (၂၄)ခု။
(၇) ဘတ္ထရီခြောက် (၁၆)ခု။
(၈) Equipment – ရင်သိုင်း (၂၀)စုံ။
(၉) လွယ်ကြိုး (၃၀)ချောင်း။
(၁၀) ဆိုင်ကယ်မျိုးစုံ (၂၁)စီး။
(၁၁) တဲမျိုးစုံ (၁၂)လုံး။
(၁၂) ပစ်ကျင်း (၁၈)ကျင်းတို့ဖြစ်ပါတယ်။
အစတုန်းက ထင်တာ KIA ကုန်းတွေလို့
ထင်တာ။ ဒါပေမယ့် မဟုတ်ဘူး .. AA စခန်း
တွေဖြစ်နေတယ်။
အလားတူ .. နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း မဘိမ်း-မိုးလိုဒေသဘက်က လက်နက်/ခဲယမ်းတွေ သယ်ဖို့ရှိတယ်လို့ သတင်းရလို့
စီပိန်းရွာနားမှာ ကင်းပုန်းနေတဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ AA သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး –
(၁) AA အလောင်း (၁) လောင်း
(၂) အမ်(၂၂) (၅) လက်
(၃) အမ်(၇၉) (၁) လက်
(၄) ကျည် (၁၅၆) တောင့်
(၅) ၄၀ မမဗုံးသီး (၈) လုံး
(၆) ကျည်အိမ် (၅) ခု တို့ရရှိခဲ့ပါသေးတယ်။
ဒီဖြစ်စဉ်တွေအရ သုံးသပ်ကြည့်မယ်ဆိုရင်
KIA က သူ့ဂွင်ထဲမှာ ဘာလို့ AA အဖွဲ့တွေကို လှုပ်ရှားခိုင်းရတာလဲ?
မိုးမိတ်ဒေသဟာ မြေပြင်အနေအထားအရကြည့်ရင် စစ်တိုင်းများအနေနဲ့

  • မြောက်ပိုင်းတိုင်း(မပခ)၊
  • အရှေ့မြောက်တိုင်း(ရမခ)နဲ့
  • အလယ်ပိုင်းတိုင်း(လပခ)တို့နဲ့
    သုံးပွင့်ဆိုင် နယ်မြေဆက်စပ်သလို
    ပြည်နယ်/တိုင်းအနေနဲ့
  • ကချင်ပြည်နယ်၊
  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
  • မန္တလေးတိုင်းတွေနဲ့လည်း
    သုံးပွင့်ဆိုင်နယ်စပ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအရ မဟာဗျူဟာလမ်းများရဲ့ အတွင်းပိုင်းနယ်မြေဖြစ်ပါတယ် ..
    KIA က မိုးမိတ်ဒေသကို AA ကိုဘာလို့ လှုပ်ရှားခိုင်းတာလဲဆိုတဲ့ အဖြေကတော့
  • တစ်ချက်တစ်ချက် ဗွေဖောက်တတ်တဲ့
    TNLA အဖွဲ့ရဲ့နယ်မြေကျော်လွန်လှုပ်ရှားမှုနဲ့
  • မြန်မာပြည်အလယ်ပိုင်းက ထိုးလာနိုင်တဲ့
    တပ်မတော်ထိုးစစ်ရယ်ကို Buffer Zone
    ထားပြီး ကာထားဖို့ပါပဲ။
    KIA ကတော့ နောက်က နေပါတယ်။
    ဒါကြောင့် အဲဒီဒေသဘက်တိုက်ပွဲတွေကြည့်
    လိုက်ရင် KIA စခန်းကုန်းတွေ မဆုံးရှုံးဘဲ
    AA စခန်းကုန်းတွေ အသိမ်းခံရ၊ AA အဖွဲ့
    တွေသာ အသေခံကြရတာဖြစ်ပါတယ်။
    အခု လက်နက်/ခဲယမ်း အများအပြားဆုံးရှုံး
    ခဲ့ရခြင်းဟာလည်း KIA အတွင်းပိုင်းက သတင်း
    ပေါက်ကြားလို့ ဖြစ်ရပြီး AA အတွက် ရခိုင်ပြည်
    နယ်ထဲကိုပို့မယ့် လက်နက်/ခဲယမ်းတွေဖြစ်
    ကြောင်း သိရှိရတယ် ..
    AA အဖွဲ့ကတော့ KIA ရဲ့သတင်းပေါက်ကြား
    မှုကြောင့် စစ်တပ်ရဲ့ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်
    ခံရတယ်လို့ ပြောနေပေမယ့် KIA အဖွဲ့ကတော့
    သူ့နယ်မြေထဲမှာလှုပ်ရှားနေတဲ့ AA အဖွဲ့ရဲ့
    တိုက်ရည်ခိုက်ရည် ညံ့ဖျင်းမှု ကြောင့်လို့ဆိုပြီး
    အချင်းချင်း အပြန်အလှန် အပြစ်တင်နေကြပါတယ် ..
    မင်းကြောင့် .. ငါ့ကြောင့် .. မင်းအသုံးမကျလို့
    ဆိုပြီးတော့ပေါ့ …
    AA ကလည်း လူလည်ပါ .. အနာမခံဘူး ..
    တိုက်ပွဲဖြစ်ရင် ပတောက် .. ပတောက်လုပ်ပြီး
    ဆင်းပြေးကြတာချည်းပါပဲ။
    AA က KIA ရဲ့ ကစားကွက်ထဲက
    နယ်ရုပ်ဖြစ်နေတာကိုရိပ်မိပြီး မကျေမနပ်ဖြစ်
    နေသလို KIA ကလည်း AA ရဲ့သစ္စာမဲ့မှုတွေကို
    မျက်ခြေမပြတ် စောင့်ကြည့်နေတော့တာပါပဲ။
    ကချင်သတင်းပေးတွေကလည်း သတင်းပေးရင်
    AA အဖွဲ့ရဲ့သတင်းတွေသာ အပေးများတယ်။
    KIA သတင်းက ခပ်နည်းနည်းရယ်ပါ။
    ပြောချင်တာကတော့ စစ်ပါးမဝသေးတဲ့ AA ကို EAOs တွေရဲ့
    ဆရာကြီးဖြစ်တဲ့ KIA က ထိုးကျွေးနေတာပါပဲ။
    “အ”ရင်တော့ ခံကြပေါ့ AA (ခဲဝါ)တွေ…