မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

သူတစ်ပါးဆီက
မေတ္တာလိုချင်တယ်ဆိုရင်

ကိုယ်မှာလည်းအရင်
မေတ္တာရှိနေဖို့လိုပါတယ် ။

မှန်ထဲမှာပေါ်လာတဲ့
ကိုယ့်ရဲ့ အရိပ်လိုပါပဲ…။

ကိုယ်ကပြုံးပြရင်
ပြုံးပြနေတတ်သလို

ကိုယ်ကမဲ့ပြရင်လည်း
ကိုယ့်အရိပ်ကမဲ့ပြနေမှာပါ ။

ဒီအတိုင်းပါပဲ…
သူစိမ်းတွေပြုံးမဲ့ဖို့ဆိုတာ

ကိုယ်နှင့်လည်း
ဆိုင်တယ်မဟုတ်လား ။

မေတ္တာ ဆိုတာက
အတ္တဒေါသတွေကြီးတဲ့
သူတွေဆီကိုမလာနိုင်ပါဘူး ။

မိုးရေ လိုချင်ရင်တော့
ခွက်မပေါက်ဖို့လိုသလို

သူများရဲ့အပြုံးနှင့်မေတ္တာကို
လိုချင်တယ်ဆိုရင်လည်း

ကိုယ်မှာလည်း
မေတ္တာတရားရှိသင့်သလို

ဒေါသကင်းအောင်လည်း
ကြိုးစားရပါမယ် ။

🙏🙏🙏သာရ ဂေဝသီ🙏🙏🙏