ကြက်ချေး၊ နွားချေးဖြင့် အပင်အားဆေးရည် ပြုလုပ်နည်း

ပြုလုပ်ပုံမှာ လွယ်ကူရိုးရှင်းပါတယ်။ ကြက်ချေး တစ်ပိဿာ၊ နွားချေး တစ်ပိဿာကို အဝတ်စ ပါးပါးဖြင့် ထုတ်ပြီး စဉ့်အိုးထဲထည့်ပါ။နောက်ပြီး ကြက်ချေး၊ နွားချေး ထည့်ထားသော စဉ့်အိုးထဲသို့ ရေ ၈ ဂါလံထည့်ပြီး စဉ့်အိုးကို လေလုံအောင် သေချာစွာ ပိတ်ထားပြီး ၃ ရက်ကြာအောင်ထားပါ။ ကြက်ချေး၊ နွားချေးစိမ်ပြီး ရလာတဲ့ ‌သဘာဝ မြေဩဇာအရည်ကို ဆေးဖျန်း ပုံးထဲထည့်ပြီး အပင်များကို ဖျန်းပတ်ပေးလို့ရပါပြီ။ ကြက်ချေးမှာ အပင်အတွက် အဓိက လိုအပ်တဲ့ Nitrogen ၊ Phosphorus ၊ Potassium ဓာတ်များပါရှိသည်။ ထိုနည်းတူ နွားချေးမှာလည်း အပင်အတွက် အများလို အာဟာရများဖြစ်သည့် Nitrogen ၊ Phosphorus ၊ Potassium ဓာတ်များပါဝင်သည့်အပြင် အနဲလို အာဟာရ ဓာတ်များဖြစ်သည့် Calcium ၊ Magnesium ၊ Sulphur စသည့် ဓာတ်များလည်းပါရှိသည်။

Crd