ပေါင်းမြက်နှိမ်နင်းနည်း

ပေါင်းဆိုသည်မှာ အနှောက်အယှက် ပေးသော အပင်၊ မလိုအပ်သောနေရာတွင် ပေါက်သော အပင်၊ အနာတရ
ဖြစ်စေသော ဒုက္ခပေးသော ကြည့်ရှု၍ မကောင်းသော အပင်၊ အသုံးမကျသော အပင်ဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။
ထို့အပြင် သန်မာ၍ ယှဉ်ပြိုင်အားကောင်းပြီး စိုက်ပျိုးထုတ်လုပ်မှုကို ကျဆင်းစေသော အပင်ဟူ၍လည်း
အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ပေါင်းပင်အမျိုးအစားကို ၎င်းတို့၏မူရင်းဒေသ၊ ပေါက်ရောက်ရာ နေရာ၊ ပုံပန်းသဏ္ဍာန်နှင့်
ဇီဝကမ္မဆိုင်ရာတို့ကိုလိုက်၍ မြက်ပင်၊ မြက်မုံညင်း နှင့် ရွက်ပြန့်ပေါင်းဟူ၍ (၃) မျိုး ခွဲခြားနိုင်သည်။
မြက် အမည်များမှာ မြက်ခရာ၊ မောင်ရင်ငိုမြက်ခေါ် နောက်ပိုးမြက်၊ မြေစာမြက်၊ မြင်းစားမြက်၊ ပန်းတော်နီ၊ ပန်းတော်ညို၊
အင်တိုးမြက်ခါး၊ ပန်းတော်ဖြူ၊ လက်သဲခွမြက်၊ ဝမ်းဘဲစာမြက်၊ ဘဲစာမြက်၊ မြက်သီး၊ မြက်ချို၊ ဆင်ငိုမြက်၊
ဆင်ငိုလက်ကြား၊ ကြိုးကြာမြက်၊ ဖော့မြက်၊ ဝါးရုံမြက်၊ သမန်းမြက်၊ ဒေါင်းမြီးပျံမြက်၊ မြက်ခါး၊ မြက်စပ်၊
ဒေါင်းစပါး၊ ဒေါင်းမြက်၊ မြက်ကြိမ်၊ မြက်ခါး၊ မြက်ပန်း၊ ကျူးကျူခိုင်၊ ကျူဝါးခိုင်၊ ကိုင်းခွေးမြီးပုတ်မြက်များ ပါဝင်ကြသည်။
ပေါင်းနှိမ်နင်းနည်း (၅)မျိုး ရှိပြီး ၎င်းတို့မှာ
(၁) တားဆီးကာကွယ်ခြင်း
(၂) ပတ်ဝန်းကျင်အား စီမံကွပ်ကဲခြင်း
(၃) တိုက်ရိုက်သတ်ဖြတ်နှိမ်နင်းခြင်း
(၄) ဇီဝနည်းဖြင့် နှိမ်နင်းခြင်း
(၅) ဓါတုဗေဒနည်းဖြင့်နှိမ်နင်းခြင်းတို့ ဖြစ်ကြသည်။
(၁)တားဆီးကာကွယ်ခြင်း
တစ်နိုင်ငံမှ တစ်နိုင်ငံသို့၊ ပြည်နယ်တခုမှတခုသို့ ပေါင်းပင်များ မဝင်ရောက်နိုင်အောင် တားဆီးခြင်း။
မျိုးကောင်းမျိုးသန့် ဥပဒေ( ပေါင်းစေ့ပျံ့နှံ့မှု ကာကွယ်) စိုက်ခင်း သန့်စင်ခြင်း၊ ဆေးဖျန်းခြင်း၊ မြေတွင်းသို့ နှစ်စဉ်
ပေါင်းစေ့များနှင့် ပင်စည်မျိုးပွားပိုင်းများ ပြန်လည်ရောက်ရှိမှု လျော့နည်းစေခြင်း။
(၂) ပတ်ဝန်းကျင် အခြေအနေစီမံပေးခြင်း
အရွက်များသော သီးနှံ (သို့) သီးနှံမျိုးပွားတစ်မျိုးကို စိုက်ပါ။
သီးနှံပင်များအား နီးနီးကပ်ကပ် စိုက်ပါ။ ကျရောက်လာစော အလင်းများကို စောစောရယူနိုင်ပါသည်။
လုံလောက်သော အာဟာရ ရေပေးပါ။ ပိုးမွှား ရောဂါ ကာကွယ်ပါ။ *(အရွက်များအဖြစ် ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်ပါ)
Cover crop (မြေဖုံးသီးနှံ)များ စိုက်ပါ( ရာဘာ၊ ဆီအုန်း၊ နှစ်ရှည်ပင်များ)။ ပင်စည်ရှည်အပင်၊ တစ်နှစ်ခံပင်အောက်တွင်
မြေကပ်ပေါက်သည့် အပင်များ စိုက်ပါ
(၃) တိုက်ရိုက်သတ်ဖြတ် ပေါင်းနှိမ်နင်းခြင်း
လက်ပေါင်းလိုက်ခြင်-ပေါင်းရှင်း ကိရိယာသုံး၍ နှိမ်နင်းခြင်း
မီးရှို့နှိမ်နင်းခြင်း
မြေဆီလွှာ သန့်စင်အောင် ထားခြင်း
(၄)ဇီဝနည်းဖြင့် နှိမ်နင်းခြင်း
အင်းဆက်နှင့် ပင့်ကူနီများ
မှိုနှင့် ဘက်တီးရီးယားများ
တီပိုး
ငါး
နို့တိုက်သတ္တဝါနှင့် ငှက်များ
(၅) ဓါတုဗေဒနည်းဖြင့် ပေါင်းနှိမ်နည်းခြင်း
အဓိက ပေါင်းသတ်ဆေးမျိုးအုပ်စု
(၁)အညွန့် (သို့) မြေသို့ ပက်ဖျန်းသော ပေါင်းသတ်ဆေး
(၂)ရွေးချယ်အာနိသင်ရှိ (သို့) မရှိ ပေါင်းသတ်ဆေး
(၃)ပလပ်မြေ၊ အပင်မစိုက်မီ၊ အပင်မပေါက်မီ (သို့) အပင်ပေါက်ပြီးမှ ဖျန်းသော ပေါင်းသတ်ဆေး
ဆေးနှုန်းထား၊ ပတ်ဝန်းကျင် အခြေအနေ၊ ပေါင်းပင်နှင့် သီးနှံပင်တို့ အရွယ်မှန်ကန်ကိုက်ညီသော ဓာတုဆေးနည်းဖြင့် ပေါင်းပင်များ
နှိမ်နင်းရာတွင် ထိရောက် အောင်မြင်နိုင်သည်။
(အစိမးရောင်လမ်းမှ ကူးယူဖော်ပြသည်)