လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ဦးခန့် သေဆုံးတယ်လို့ သတင်းအမှားရေးနေတဲ့ Khit Thit

အောက်တို ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ လှေခုတ်ရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger အဖွဲ့၊ ညီနောင်မဟာမိတ်အင်အားစု၊ မြောင်၊ ရေစကြိုမဟာမိတ်အင်အားစုတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၃ အဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်းKhit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၃ ရက်နေ့၌ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ လှေခုတ်ရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PDF များ ဝှက်ထားသော သေနတ် ၆ လက်၊ RPG ၁ လက်နှင့် ပြောက်ကျားယူနီဖောင်း ၁၀ တို့အား တွေ့ရှိသဖြင့် သိမ်းဆည်းရရှိသွားကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ မြေပြင်မှာ ရင်ဆိုင်တိုက်ပွဲမလုပ်ရဲတော့တဲ့ PDF တွေကို Khit Thit မှ လိုင်းပေါ်ကနေ မြှောက်ပင့်ရေးကာ အများပြည်သူများ အထင်မှားအောင် တိုက်ပွဲဖြစ်လို့ စစ်သား ၄၀ ခန့်သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါသည်။