အရပ်သား၁၆ ဦးကိုဖမ်းဆီးသွားတယ်လို့ Mizzima မှ သတင်းအမှားရေး

ဇူလိုင်လ ၁၃ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ ဝန်းကျင် အချိန်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံအနောက်ဘက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းမှ ရွှေတွင်းလုပ်သား အားလုံးအပါအဝင် အရပ်သား ၁၆ ဦးအား စစ်တပ်က ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွာကြောင်း Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားမဝင်ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ခေါင်းဆောင် ၁ ဦးနှင့် အလုပ်သမား ၄၈ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားပြီး အမှုဖွင့်ထားကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Mizzuma မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တမင်အပုတ်ချကာ အများပြည်သူအထင်လွဲမှားအောင် ရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK