လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

သြဂုတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် ရွှေဘိုမြို့နယ် ကတိုးဆိပ်ရွာမှ ပျူစောထီးများပါဝင်သော စစ်ကြောင်းသည် တည်သီးတောပျူကျေးရွာမှ ထွက်ခွာလာချိန် မင်းဘေးရွာနှင့် ဂျိုးမြေဇင်းအကြား လမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ပျူ‌စောထီး ၁ ဦး ပွဲချင်း ပြီး သေဆုံးကာ ပျူစောထီး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ည ၇ နာရီ ဝန်ကျင်းတွင် ပြင်းထန်ဒဏ်ရာရသော ပျူစောထီးများထဲမှ ၃ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၇ ရက်နေ့၌ ရွှေဘိုမြို့နယ် မင်းဘေးရွာနှင့် ဂျိုးမြေဇင်းအကြား လမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ မိုင်းဆွဲတိုက်ခိုက်ခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရတယ်လို့ လူအထင်ကြီးအောင် စိတ်ကူးယဉ်ဇာတ်ဆင်ပြီး ရေးသားထားခြင်းသာဖြစ်ပါတယ်။