လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ မြေလတ်အသံမှ သတင်းအတုရေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဩဂုတ် ၇ ရက် ညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ စစ်တပ်ဘက်က ၅ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေလတ်အသံ မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရဲစခန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခံရခြင်းမရှိကြောင်း ဒေသတွင်းသတင်း ပေးချက်များအရသိရှိရပါတယ်။ဖြစ်စဉ်မရှိတာကို မြေလတ်အသံ မှ PDF တွေကို အာနိုးဇာတ်သွင်းကာ အောက်တန်းကျစွာဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။