မင်္ဂလာရှိသော နံနက်ခင်းပါ

နားလည်မှုတွေနဲ့
တည်ဆောက်ထားတဲ့
ဆက်ဆံရေးတိုင်းဟာ၊

ရေရှည်မှာတည်တံ့နိုင်တယ်
ခိုင်မြဲနိုင်တယ်၊

နားလည်မှုတွေနဲ့
တည်ဆောက်မထားတဲ့
ဆက်ဆံရေးတိုင်းဟာ
ရေရှည်မှာ
မတည်တံ့နိုင်ဘူး၊မခိုင်မြဲနိုင်ဘူး။

လူနှစ်ယောက်ချိတ်ဆက်နိုင်ဖို့အတွက်
တစ်ခုတည်းသော
လိုအပ်ချက်ကလည်း
ဒီနားလည်မှုပဲဖြစ်တယ်၊

သူ့အပြစ် ကိုယ့်အပြစ်၊
သူ့အားနည်းချက်
ကိုယ့်အားနည်းချက်ကို
သဘောထားကြီးစွာနဲ့
အပြန်အလှန်
နားလည်ပေးကြရမှာဖြစ်တယ်၊

အဲဒီလိုမှမဟုတ်ပဲနဲ့
နားလည်မှုဆိုတဲ့
အလွှာပါးပါးလေးခြားသွားတာနဲ့
သူ့အပြစ်၊ကိုယ့်အပြစ်တွေဟာ
မြင်လာကြတော့မှာတာဖြစ်တယ်၊

အပြစ်တွေမြင်လာပြီဆိုတာနဲ့
ဘယ်လောက်ပဲနီးကပ်နေပါစေ
ဝေးကွာသွားကြတော့တာပါပဲ၊

ဘယ်လောက်ပဲချစ်ခင်ပါစေ
မုန်းတီးသွားကြတော့တာပါပဲ၊

အဲဒီတော့
ဆက်ဆံရေးတိုင်းကို
အဆင်ပြေချင်ရင်
အသိုက်အမြုံတိုင်း၊
အဖွဲ့အစည်းတိုင်းကို၊

တည်တံ့ချင်ရင်၊
ခိုင်မြဲချင်ရင်၊

သဘောထားကြီးစွာနဲ့
အပြန်အလှန်
နားလည်မှုတွေထားရှိဖို့
အထူးလိုအပ်ပါတယ်။