စစ်ကိုင်းတိုင်းအတွင်း PDF များ အကျအဆုံးများပြားနေ

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများမှ PDF တွေ အများအပြား ကျဆုံးနေပြီး ခဲယမ်းမလုံမလောက်ဖြစ်နေကြောင်း ကောလင်း ပကဖအဖွဲ့ဝင်တစ်ဦးက Live လွှင့်ပြောကြားခဲ့ပါတယ်…

96 soldiers အဖွဲ့ကဇေယျာလွင်ကလည်း NUG အဖွဲ့ကတာဝန်မယူမှု၊ PDFအချင်းချင်းမညီညွတ်မှု၊ စစ်မတိုက်ပဲပြည်သူတွေကိုဒုက္ခပေးနေမှုတွေကိုဝေဖန်ပြောဆိုတာကြားသိရပါတယ်။

Local PDF နဲ့ NUG အသိအမှတ်ပြု PDF များ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ စိတ်ဝမ်းကွဲပြီး စကစစစ်ကြောင်းများ ဝင်ရောက်လာချိန်မှာ အလစ်အငိုက်တိုက်ခိုက်ခံရမှုများကြောင့် ယခုလို အကျအဆုံးများနေကြောင်းလည်း သိရပါတယ်..

NUG အသိအမှတ်ပြု PDF နဲ့ ပကဖအဖွဲ့များက ကျေးရွာများကနေ လစဉ်ကြေးနဲ့ ရိက္ခာများအတင်းအဓမ္မတောင်းခံမှုများကြောင့် Local PDF အဖွဲ့များနဲ့ ပြဿနာဖြစ်ပွားနေပါတယ်…

Local PDF များကလည်း စကစစစ်ကြောင်းတွေ ဝင်လာရင် ပုန်းရှောင်နေကြပြီး ရွာတွေကို အကာအကွယ်မပေးနိုင်ပဲ ကိုယ်လွတ်ရုန်းနေတယ်လို့ ပကဖအဖွဲ့တွေက စွပ်စွဲလျက်ရှိပါတယ်…

ဇူလိုင်လ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ကောလင်းမြို့နယ်က တံစူးရွာအနီးတိုက်ပွဲမှာ PDF တွေ ခဲယမ်းပြတ်လပ်မှုကြောင့် ကျဆုံးသူများရဲ့ အလောင်းမကောက်နိုင်ပဲ ဆုတ်ခွာထုတ်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်…

KIA အကူအညီနဲ့ အညာဒေသမှာ တိုက်ပွဲဝင်နေရတဲ့ PDF များအနေနဲ့ KIA အကူအညီမပါရင် စကစတပ်များကို တုန့်ပြန်မတိုက်ခိုက်ရဲတာကြောင့် ယခုလို ထွက်ပြေး၊ ပုန်းရှောင်နဲ့ ထိတွေ့တိုက်ပွဲဖြစ်လာရင်လည်း ထိခိုက်ဆုံးရှုံးမှု များပြားနေကြောင်း သိရပါတယ်…

စိတ်ဓာတ်ကျသူ ကြောက်လန့်နေသူတွေကြောင့်တော်လှန်ရေးရှေ့မရောက်ကြောင်းဇေယျာလွင်ရဲ့ပြောဆိုချက်ကို Local PDF တွေမကျေမနပ်ဖြစ်နေကြပါတယ်။