ရွှေကုက္ကိုလ်တိုက်ပွဲအတွင်းက KNU/KNLA နဲ့ PDF အလောင်းများ

ရွှေကုက္ကိုလ်တိုက်ပွဲအတွင်းမှာ ရရှိခဲ့တဲ့ KNU/KNLA နဲ့ PDF အလောင်းတွေရဲ့ အိတ်ထဲမှာပါလာတဲ့ ID CARD တွေပါ။ နောက်ဆုံးတော့ သူတို့ရဲ့ မိုက်မဲမှုက သူတို့ရဲ့ မိဘ/မိသားစု အသိုင်းအဝိုင်းပါ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရတော့မယ်…နိုင်ငံတော်အစိုးရ အနေနဲ့လည်း ယခုချိန်ထိ ပစ်မှုကျူးလွန်ခြင်းမရှိတဲ့ PDF တွေကိုနွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး မိဘရပ်ထံ ပြန်လည်အပ်နှံနေတာတွေလည်း ရှိနေတာပါတယ်။ PDF တွေဘဝက စစ်တိုက်လို့ မသေရင်တောင် အချင်းချင်းဒလန်လို့ စွပ်စွဲပြီး သတ်လို့သေရလိုက်၊ မနေချင်လို့ထွက်ပြေးရင်လည်း ပစ်သတ်ခံရလိုက်၊ ဒီကြားထဲ တစ်ခြားနိုင်ငံကို ထွက်ပြေးရင်လည်း ဖမ်းပြီးပြန်ပို့တာ ခံရနဲ့ သေချာတာကတော့ တစ်ချိန်မဟုတ်တစ်ချိန် သေမယ့်လမ်းက ပိုပိုနီးလာလေပဲ…ဒါကြောင့်မို့ ငါတို့ PDF တွေလုပ်ရပ်က မှန်လား/မှားလားဆိုတာကို ခေါင်းအေးအေးထား စဉ်းစားဖို့လိုနေပြီ….