ရန်ကုန်-မော်လမြိုင် အမြန်ရထားတစ်စင်း နောက်တွဲများ ပြုတ်ကျန်ခဲ့ပြီး လမ်းချော်မှုဖြစ်ပွား

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ ယနေ့ ဧပြီ ၈ ရက်၊ မွန်းလွဲ ၂ နာရီခွဲချိန်ခန့်က ရန်ကုန်- မော်လမြိုင် ပြေးဆွဲနေတဲ့ အမြန်ရထားတစ်စင်းဟာ နောက်တွဲ (၆) တွဲ ပြုတ်ကျန်ခဲ့ပြီး ၃ တွဲမှာ လမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။

ရန်ကုန်မြို့ကနေ ထွက်ခွာလာတဲ့ အဆိုပါ အမြန်ရထားဟာ ကျိုက်ထို့မြိုနယ် ကျိုက်ကသာ ဘူတာအကျော် မလော့ချောင် စေတီတစ်ထောင်ကုန်းဘေး တောင်ကုန်းကြားအရောက်မှာ တွဲဆိုင်းပြုတ်ကျန်ခဲ့ပြီး အရှိန်လွန်ကာ လမ်းလျှော်သွားတာဖြစ်ပေမယ့် တိမ်းမှောက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ ခရီးသည်များဟာ ရထားပေါ်ကဆင်းပြီး သင့်တော်ရာနေရာတွေမှာ ရထားပြန်ကောင်းမည့်အချိန်ကို စောင့်ဆိုင်းနေရတယ်လို့လည်း သိရပါတယ်။