ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ အဟောင်းပစ္စည်း ရောင်းဝယ်ရေး ဆိုင်အား PDF များက ဓားပြတိုက်

ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ သီရိရတနာလမ်းရှိ အဟောင်းပစ္စည်း ရောင်းဝယ်ရေးဆိုင်အား PDF များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်များ ကိုင်ဆောင်၍ ၎င်းဆိုင်ရှိ မိသားစုဝင်များအား သေနတ်များဖြင့် ချိန်ရွယ်ကာ ခေါင်းငုံထိုင်ခိုင်းထားပြီး အိပ်ခန့်အတွင်းရှိ မီးခံသေတ္တာအား ဖွင့်ခိုင်းကာ ၎င်းသေတ္တာအတွင်း၌ ထည့်ထားသည့် ငွေ ၆,၀၀၀,၀၀၀ ကျပ်၊ ဗီရိုထဲရှိ ငွေ ၄,၀၀၀,၀၀၀ ခန့်၊ ဖုန်း ၂ လုံးနှင့် နားကပ် ၁ ရံ တို့အား ဓားပြတိုက်ယူဆောင်သွားကြောင်း သိရှိရပါသည်။