အလင်းဝင်သူတွေများလာလို့ RFA တောင် ပြောနေပြီ

နစကအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအသီးသီးထဲမှာရှိနေတဲ့ PDFအကြမ်းဖက်သမားတွေကို အလင်းပြန်ဝင်ကြဖို့နဲ့ ဝင်လာတဲ့အခါမှာလည်း ပါလာတဲ့ လက်နက်ခဲယမ်းကိုလိုက်ပြီး ဆုချီးမြှင့်ပေးမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာပြီးတဲ့အချိန်ကစပြီး အနယ်အနယ်အရပ်ရပ်က PDF လေးတွေ အလင်းပြန်ဝင်လာလိုက်ကြတာ ဝင်လာမစဲတသဲသဲလို့တောင်ပြောရမလိုဖြစ်နေပြီ။ နောက်လည်း ထပ်ဝင်မယ့်သူတွေအများကြီးရှိနေတယ်လို့ ကြားသိရပါတယ်။ ဒီသတင်းဟာ အမှန်တကယ်လားဂျင်းလားဆိုတာ RFA လိုသတင်းဌာနကပါ တင်လာတာပဲကြည့်ကြပါလို့ ပြောချင်ပါတယ်။