ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှာ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၃ ရက် စည်ကားသိုက်မြိုက်စွာပြုလုပ်မည်”

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဧပြီ ၁၀ ရက်ကနေ ၁၂ ရက်အထိ၊ ၃ ရက်တိုင်တိုင် ခမ်းခမ်းနားနားနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ‌သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်းမှာ
ဖျော်ဖြေရေး အစီအစဉ်များအဖြစ် ချစ်စရာကလေးငယ်များရဲ့ အဆို၊ အက ၊ တေးသရုပ်ဖော် ၊Model Show နဲ့ နာမည်ကြီး Dance Group ရဲ့ မြူးကြွ လန်းဆန်းတဲ့ အကများ၊ တေးဂီတဖျော်ဖြေမှုများအပြင် Animal Show၊ Magic Show နဲ့ ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနဲ့ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သားသားမီးမီးတို့အကြိုက် ဂိမ်းအစီအစဉ်များနဲ့ လက်ဆောင်ပစ္စည်းများ ချီးမြှင့်မယ့် အမေးအဖြေကဏ္ဍများလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။