ဖေဖော်ဝါရီလ ၆ ရက်နေ့ ကောလင်းတိုက်ပွဲသတင်း

ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။

ယနေ့နက် ၆ နာရီခွဲခန့် ညောင်ပင်သာရွာ အနောက်မြောက်ဘက် မီတာ ၄၀၀ ခန့်အကွာ၌ KIA/PDF ၇၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

KIA/PDF ၄ လောင်း၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ Drone ၁ စီး သိမ်းဆည်းရမိခဲ့ပြီး မိမိစစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရ၊ ၁ ဦးကျ။

နေ့လည်ပိုင်းတွင် ဇီးခုံရွာမြောက်ဘက် မီတာ ၈၀၀ ခန့်အကွာ၌ KIA/PDF ၁၅၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည် ပစ်ခတ်ခဲ့။

KIA/PDF ၄ လောင်း ရရှိခဲ့ပြီး မိမိစစ်သည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိ။

-ညနေပိုင်းတွင် ကောလင်းမြို့ တကောင်းအိုင်ရွာအနီး ထိတွေ့တိုက်ပွဲဖြစ်စဉ်များ တွင် KIA/PDF အကြမ်းဖက်အဖွဲ့ ပင်လယ်ဘူးအခြေစိုက် ရင်း(၂) မှ PDF စနိုက်ပါ သမား ၁ ဦး၊ ပကဖ အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၃ ဦး ရှိ။ ဒဏ်ရာပြင်းထန်သူ ၁၂ ဦးကို တကောင်းအိုင်ကျေးရွာ စာသင်ကျောင်းတွင် ပြုလုပ်ထားရှိသည့် နယ်မြေခံ PDF ယာယီဆေးရုံတွင် ပို့ဆောင်ကုသပေးထားကြောင်း သိရှိရ။