သင်္ကြန်ကာလမှာ ဖောက်ခွဲဖျက်စီးရန်ကြံရွယ်နေတဲ့ Special Task Agency – STA အမည်ခံအကြမ်းများဖမ်းဆီးရမိ

မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန်စီစဉ်လျက်ရှိသော pdf အမည်ခံအကြမ်းဖက်သမားများအား အရှိန်အဟုန်မြင့်ဖော်ထုတ်ဖမ်းဆီးလျျက်ရှိရာ      ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်ရပ်ကွက်၊ ရွှေလှိုင်လမ်းရှိ အိမ်အမှတ်(၈၀)၌ Special Task Agency – STA အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဇော်ထက်အောင်(ခ)ညီညီ အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီး(အရှေ့)ရပ်ကွက်၊ ကျောင်းကြီး လမ်းရှိ တိုက်အမှတ်(၇၁)၌ အကြမ်းဖက်အဖွဲ့ဝင် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ) ဝင်းလွင်ဦး အား Sig Sauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊   ပစ္စတိုကျည်အိမ် ၃ ခု၊ ပွိုင့်-၃၈၀ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက် ၅၀ ခု၊ ဒီတိုနေတာ ၁၈ ခု၊ ယမ်းမှုန့် ၉ ထုပ်၊ ကာဗွန် ၂၀၀ ချောင်း၊ ကန့် ၁ ထုပ်၊ သံဘောစေ့ ၁၃ ဘူး၊ သံတိုသံစ ၁ အိတ် တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

        ဖြစ်စဉ်တွင် တရားခံ ကျား ၂ ဦးအား ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ပွိုင့်-၃၈၀ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက် ၅၀ ခု၊ ဒီတိုနေတာ ၁၈ ခု၊ ယမ်းမှုန့် ၉ ထုပ်၊ ကာဗွန် ၂၀၀ ချောင်း၊ ကန့် ၁ ထုပ်၊ သံဘောစေ့ ၁၃ ဘူး၊ သံတိုသံစ ၁ အိတ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။