ပရီမီယာကုမ္မဏီကားကို PDF အကြမ်းဖက်သမားများက ဓားပြတိုက်

မတ်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်မှာ ဘဏ်ငွေလွဲဖို့အတွက် ပရီမီယာ ကုမ္မဏီရုံးကနေ မုံရွာမြို့ထဲသို ထွက်လာတဲ့ ကုမ္မဏီကားကို PDF အကြမ်းဖက်သမားများက သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်သွားကြတယ်လို ဒေသခံတွေဆီက သိရပါတယ်။

ကုမ္မဏီကားပေါ်ပါလာတဲ့ ယာဥ်မောင်း အပါအဝင် ဝန်ထမ်း ၄ ဦးကို ကားပေါ်ကဆွဲချပြီး ကားရှေ့ခန်းမှာရှိတဲ့ အိတ်တွေကို ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်းသိရပြီး အဆိုပါဖြစ်စဥ်ကြောင့် ကုမ္ပဏီပိုင် ငွေကျပ် (၅၇၄)သိန်းနဲ့ ဘဏ်စာအုပ် (၄)အုပ်နဲ့ MCB ATM ကဒ်(၁)ခုတို့ ပါသွားတယ်လို့သိရပါတယ်။ #Crd