မင်းကင်း အကြမ်းဖက် PDF စခန်းအား ချေမှုန်း

မင်းကင်းမြို့နယ် အင်ပင်လှ ကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ချေမှုန်းခဲ့ရာ အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ် ၄၀ မမသေနတ် ၁ လက်၊၂၀ ဦးဆံ့လူနေတဲ ၁ လုံး၊၂ ယောက်အိပ်တဲ ၁၁ လုံး၊ လူ ၁၀ ဦးဆံ့ အချုပ်ခန်း ၁ ခန်း၊ တူမီးသေနတ် ၃ လက်၊ လေ့ကျင့်ရေးသစ်သားသေနတ် ၁၂ လက်၊ ၅.၅၆ မမကျည် ၃၀တောင့်၊ လက် လုပ် တိုက်မိုင်း ၇ လုံး၊ ယမ်းမှုန့်(၂ပိဿာခန့်) ၁ ထုပ်နှင့်ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။