ဖေဖော်ဝါရီလ ၇ ရက်နေ့မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၆ ရက် ၂၀၃၀ နာရီတွင် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာနေ ဦးထွန်းဦး(၅၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင်  ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၃ ချက် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးထွန်းဦး၏ ဝမ်းဗိုက်၊ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ သမီးဖြစ်သူ မဇင်နန်းဝေ(၁၆)နှစ်တွင် ဝဲခြေဖဝါး ကျည်ရှပ်မှန်ဒဏ်ရာရရှိခဲ့။

-ဖေဖော်ဝါရီလ ၆ ရက် ၀၄၀၀ နာရီတွင် တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာသို့ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့် ရောက်ရှိလာပြီး ဦးမွန်ကျော် (၆၅)နှစ်နှင့် ဦးနိုင်ဝင်း(၆၁)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးမွန်ကျော်နှင့် ဦးနိုင်ဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၆ ရက် ၁၃၀၀ နာရီတွင် နွားထိုးကြီးမြို့နယ်၊ မက္ခရာကျေးရွာအနီး၊ မြင်းခြံ – ရေဝန်းသွားကားလမ်းဘေး၌ အကြမ်းဖက်သမား PDF များမှသတ်ဖြတ်ထားသည့် (စိစစ်ဆဲ) ကျား ၁ ဦးတွင် ဦးခေါင်းနောက်စေ့၊ မေးစေ့၊ ယာချိုင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့။

-ဖေဖော်ဝါရီလ ၆ ရက် ၂၀၃၀ နာရီတွင် ကသာမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးဝန်း၏မြောက်ဘက် ခြံစည်းရိုး အုတ်တံတိုင်းပေါ်၌ အကြမ်းဖက်သမား PDF များမှ (စိစစ်ဆဲ)မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်း ၃ ပေခန့်၊ အုတ်တံတိုင်း အနီး စီမံဘဏ္ဍာအဆောင်ရှိ ပြတင်းမှန် ၂ ချပ်ပျက်စီး၊ ကားဂိုထောင် အမိုးသွပ် ၃ ချပ် ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၆ ရက် ၁၁၀၀ နာရီတွင် မတ္တရာမြို့နယ်၊ ပွဲစားကုန်းကျေးရွာအနီး၊ မန္တလေး – မိုးကုတ်ကားလမ်း မိုင်တိုင် အမှတ်၊ ၃၃/၆ နှင့် ၃၃/၇ ကြား၌ အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်း ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မန္တ​လေးဘက်မှ မိုးကုတ်မြို့ဘက်သို့ မောင်းနှင်လာသည့် ဦးသူရထွန်း(၄၆)နှစ်၏ ADVAN(အဖြူရောင်)ယာဉ်အား မိုင်းစထိမှန်ခဲ့ သဖြင့် မော်တော်ယာဉ်အနည်းငယ်ထိခိုက်ခဲ့ပြီး  ဦးသူရထွန်းတွင် ရင်အုံ၊ ဝမ်းဗိုက်၊ ယာလက်ဖျံ မိုင်းစဖောက်ဝင် ဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့။